Skip to main content
Jun 11, 2025
“မိုးတိမ်”တဲ့လား၊ နိုးနိုးကြားကြားသတိထား
ကမ္ဘာတစ်လွှား ကိုဗစ်- ၁၉ ကူးစက်မှုသတင်းတွေကြောင့် သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်က စိုးရိမ်မိသလိုသက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနဲ့ ဗီဇပြောင်းမျိုးကွဲအသစ်တွေ ကူးစက်မှုတွေဖြစ်နေတာကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ နိုင်ငံတကာ ဝင်ထွက်သွားလာနေတဲ့ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ၊ နယ်စပ်ဝင်ထွက်မှုတွေကို စောင့်ကြပ်ကြည့်ရှုနေတဲ့အကြောင်း၊ ပြည်တွင်းမှာလည်း အဖျားရောဂါ လက္ခဏာကို စောင့်ကြည့်နေတဲ့အကြောင်း သိရပြန်တော့စိုးရိမ်မှုက တစ်ဝက်လောက် လျော့ကျခဲ့ရပါတယ်။
Jun 11, 2025
ခေတ်အဆက်ဆက် လက်ချင်းယှက်၍ ရင်းနှီးချစ်ကြည်ခဲ့ကြသော မြန်မာ - တရုတ် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး
မြန်မာ-တရုတ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် စတင်ခဲ့ကြသည်။ သို့သော်အိမ်နီးချင်းနှစ်နိုင်ငံတို့၏ မိတ်ဝတ်မပျက်ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး မှာမူ နှစ်ပေါင်းထောင်ချီ ရှည်ကြာခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်သည့်အခါ မြန်မာနိုင်ငံက ကွန်မြူနစ်မဟုတ်သော နိုင်ငံတစ်နိုင်ငံအနေဖြင့် ပထမဆုံးအသိအမှတ်ပြုခဲ့သည်။
Jun 10, 2025
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jun 09, 2025
ဆောင်းပါး
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် မေလ ၂၅ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၇၈ ဦးအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၁၇ ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှု သုညဒသမ ၉၆ ရာခိုင်နှုန်းရှိသည်။ အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် (XEC) တွေ့ရှိမှု မြင့်တက်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုစိုက်ရန် လိုအပ်ပေသည်။
Jun 09, 2025
ဆောင်းပါး
ကျွန်တော်သည် ၁၉၇၃ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို သင်္ချာ၊ ရူပဗေဒဘာသာဂုဏ်ထူးဖြင့် အောင်မြင်ပြီး မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (ယခု မန္တလေးတက္ကသိုလ်) တွင် ရူပဗေဒဘာသာအဓိကဖြင့် တက်ရောက်ခဲ့ပါသည်။ ၁၉၇၇ ခုနှစ်တွင် ရူပဗေဒဘာသာတွဲကို ငါးဘာသာဂုဏ်ထူး အထူးအောင်ဖြင့် အောင်မြင်ခဲ့ပြီး မဟာသိပ္ပံဘွဲ့ကိုလည်းကောင်း၊ ပါရဂူဘွဲ့ကိုလည်းကောင်း မန္တလေးတက္ကသိုလ်မှ ရရှိခဲ့ပါသည်။
Jun 09, 2025
ယနေ့မျက်မှောက်ကမ္ဘာတွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုသည် အများပြည်သူ၏ နေ့စဉ်လူမှုဘဝများအတွက် များစွာအကျိုးရှိသော်လည်း အခြားတစ်ဖက်တွင် ဥပဒေနှင့်မညီသောလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အခွင့်အလမ်းများစွာဖြစ်စေပါသည်။ ယင်းတို့အနက် အင်တာနက်ကွန်ရက်ဆက်သွယ်မှုကို အသုံးချ၍ ကျူးလွန်သည့် လိမ်လည်မှုများသည် လတ်တလောသတိပြုရမည့် ပြည်သူများအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာပါသည်။
Jun 08, 2025
ကောင်းခြင်းပြည့်စုံ လနယုန်
နယုန်လသည် မြန်မာပြက္ခဒိန်၏ တတိယမြောက်လဖြစ်ပြီး ရက်မစုံသည့်လတစ်လဖြစ်သည်။ “နယုန်” ဆိုသောဝေါဟာရတွင် “န” ဆိုသည်မှာ အချိန်ကာလကိုရည်ညွှန်းပြီး “ယုန်” ဆိုသောစကားမှာ “အရည်ယိုစီးခြင်း” ကိုခေါ်ဆိုသည်။ ထို့ကြောင့် “အရည်ယိုစီးသောလ သို့မဟုတ် မိုးရွာသောလ” ဟု အဓိပ္ပာယ်ရသည်။ နွေရာသီ၏ နောက်ပိုင်းကာလဖြစ်သောကြောင့် “နွေနှောင်းလ၊ နွေစွန်လ” ဟုလည်း ခေါ်ဆိုကြပါသည်။ ပုဂံခေတ်ကျောက်စာများတွင် “နံယုန်၊ နယုန်၊ နံမျုန်”ဟု ရေးထိုးခဲ့သည်။
Jun 08, 2025
မြေဆီစိုခိုက် သစ်ပင်စိုက်ကြပါစို့
လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ရွှေ့ပြောင်းတောင်ယာဖော်ထုတ်မှု၊ သစ်ထုတ်လုပ်မှု၊ မီးသွေးထုတ်လုပ်မှုနှင့် မြို့ပြအဆောက်အအုံများ ဖော်ထုတ်မှုများကြောင့် သစ်ပင်သစ်တောများ ပြုန်းတီးလာလျက်ရှိသည်။ အချို့ဒေသများဆိုလျှင် သဲကန္တာရများဖြစ်ပေါ်လျက်ရှိသည်။ အကျိုးဆက်အနေဖြင့် မိုးခေါင်ရေရှားမှုနှင့် စားရေရိက္ခာရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
Jun 08, 2025
တက္ကသိုလ်နှင့် ဒေသအကျိုးပြု လက်တွေ့သုတေသန
ကျွန်တော်သည် ၁၉၇၃ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို သင်္ချာ၊ ရူပဗေဒဘာသာဂုဏ်ထူးဖြင့် အောင်မြင်ပြီး မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် (ယခု မန္တလေးတက္ကသိုလ်)တွင် ရူပဗေဒဘာသာ အဓိကဖြင့် တက်ရောက်ခဲ့ပါသည်။ ၁၉၇၇ ခုနှစ်တွင် ရူပဗေဒဘာသာတွဲကို ငါးဘာသာဂုဏ်ထူး အထူးအောင်ဖြင့် အောင်မြင်ခဲ့ပြီး မဟာသိပ္ပံဘွဲ့ ကိုလည်းကောင်း၊ ပါရဂူဘွဲ့ကိုလည်းကောင်း မန္တလေးတက္ကသိုလ်မှ ရရှိခဲ့ပါသည်။
Jun 08, 2025
တစ်ကျော့ပြန် ခေါင်းထောင်လာသော ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် မေ ၂၅ ရက်မှ ဇွန် ၁ ရက်အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၇၈ ဦးအား စစ်ဆေးခဲ့ရာ၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှု ၀ ဒသမ ၉၆ ရာခိုင်နှုန်းရှိသည်။ အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(XEC)တွေ့ရှိမှု မြင့်တက်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုစိုက်သွားရန် လိုအပ်ပေသည်။