ကျိုင်းတုံမြို့၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ကျိုင်းတုံ ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ဇွန်လ ၆ ရက်နေ့က အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်သီသီဝင်းတို့က ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် ရည်မှန်းချက်များအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေသည့် ချယ်ရီမြေ လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)