ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကလောမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 15,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့ လိုက်ပါလျက် ဇွန်လ (၁၃)ရက်နေ့ မွန်းလွဲ(၂)နာရီက ကလောမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဇွန်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းဝင်းအတွင်း အနိမ့်ပိုင်းနေရာရေအချို့ ဝင်ရောက်နေမှုနှင့် ဘောလုံးကွင်းအုတ်တံတိုင်း ကာရံနေမှုတို့ကို ကြည့်ရှု၍ ကျောင်းဆောင်များကိုလည်း ပြုပြင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။